Saturday, February 14, 2015

ANDROID ဖုန်းများကို PC SUITE ဆော့ဖ်ဝဲဖြင့် VERSION မြှင့်ခြင်း၊ APPS များ INST ALL လုပ်ခြင်း

မကြာခဏ မေးမြန်းနေကြတဲ့ သူငယ်ချင်းများ၊ဖုန်းချစ်သူများအတွက် ဒီပို့စ်လေးကို ရေး လိုက်ရတာပါ။ မိမိဖုန်းကို Version မြှင့်ချင်လို့ Firmwaresတွေကိုဒေါင်း လုပ်ယူ၊ အင် စတောလုပ်ကြနဲ့ တချို့(အနည်းငယ်) သာအဆင်ပြေကြပြီး တချို့ဖုန်းတွေ အဆင်မ ပြေတဲ့အပြင်ဖုန်းက ဖွင့်လိုက်ရင်ဘာမှကို ပေါ်မလာတော့ပါ။

ဘာကြောင့် အဲလိုဖြစ်ရတာလဲဆိုတော့ မတန်တဆ လောဘတကြီး Version ကိုမြှင့် လိုက်တဲ့အတွက်ပါ။ ဖုန်းက Android Version 2.1 ကို Firmwaresနဲ့ Version 4.0 ကို တခါထဲမြှင့်လိုက်ရင် ဖုန်းထဲမှာရှိနေတဲ့Chipset နဲ့ မူလ System တွေက ကမောက်ကမ ဖြစ်ပြီး အလုပ်မလုပ်တော့တဲ့ အတွက်ဖုန်းကိုဖွင့်လိုက်ရင်Screen မှာဘာမှပေါ် မလာနိုင် တော့ပါ။ဖုန်းကလဲ အမှိုက်ပုံးထဲ သာထည့်လိုက်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ နားလည် လွယ်အောင် ဥပမာတခုနဲ့ပြောပါရစေ..။ဥပမာ..ပေါင်ချိန် ၅၀သာထမ်းနိုင်တဲ့လူ တ ယောက်ကို ပေါင် ၃၀၀ လောက်ထမ်းခိုင်းလိုက်ရင် မထမ်းနိုင်တဲ့အပြင် နေရာကတောင် ထနိုင်မှာ မဟုတ်ပါဘူး။အဲဒီသဘောတရားလေးအတိုင်းပါဘဲ။
ဒီတော့..ဖုန်းချစ်သူများ အဲလိုမဖြစ်ကြရအောင် PC Suites များကို သုံးပြီး Update လုပ်နိုင်တဲ့ Versions များနဲ့ တခြားလိုချင်တဲ့ ဆော့ဝဲများကိုအင်စတော လုပ်ကြပါလို့ အကြံပေးချင်ပါတယ်။
PC Suites တွေကို ဘယ်လိုသုံးမလဲ ဆိုရင်.....
(၁) မိမိဖုန်းမှာ Internet Connection ကို ဖွင့်ထားပါ။
(၂) Setting ကိုဝင်ပြီး USB Debugging ကိုအမှန်ခြစ်ပေးထားပါ။
(၃) USB Cable ကိုအသုံးပြုပြီး ဖုန်းကို Computer နဲ့ချိတ်ဆက်ပါ။
(၄) Computer မှာအင်စတောလုပ်ထားတဲ့ PC Suite ကအော်တိုတက်လာပြီး ဖုန်းကို PC နဲ့ Connect လုပ်ပေးပါလိမ့်မယ်။
(၅) PC Suite မှာမိမိဖုန်းရဲ့ အမျိုးအစားနဲ့ Version ပေါ်လာရင် မိမိဖုန်းအတွက် အခု ဗားရှင်းထက်မြင့်တဲ့ဗားရှင်းUpdate လုပ်ဖို့ပြနေရင် အဲဒါကို အင်စတော အရင်လုပ်ပါ။
(အနဲဆုံး နာရီဝက်မှတနာရီထိကြာနိုင်ပါတယ်။)
(၆) ပြီးရင် ဆော့ဝဲကဖုန်းကို Reboot လုပ်ပေးပါမယ်။
(၇) ဖုန်းပြန်ပွင့်လာရင်မိမိ ဖုန်းရဲ့ ဗားရှင်းကိုပြန်ကြည့်လိုက်ပါ။နဂို Version ထက်မြင်တဲ့ Version ကိုတွေ့ရမှာပါ။
တလကို ၂-ကြိမ်ခန့် Update Version ရှိ၊မရှိ စစ်ကြည့်ပြီးတဖြေးဖြေးချင်း ဖုန်းVersion ကိုမြှင့်ယူပါ။ တခါထဲနဲ့ တော့ မြှင့်လို့မရပါ။ နည်းစနစ်လဲ မကျပါ။ဖုန်း ပျက်ဖို့ကတော့ သေ ချာပါတယ်။(ပိုက်ဆံအရမ်းပေါနေရင်တော့လုပ်နိုင်ပါတယ်)

(၈)ပြီးမှ ကိုယ်လိုချင်တဲ့ Apps များကိုတစ်ခုချင်း အင်စတောလုပ်ယူနိုင်ပါပြီ။

Android ဖုန်းများအတွက် PC Suites များ

MOBOROBO Download Link
http://moborobo.en.softonic.com/

MOBOGENIE Download Link
http://www.mobogenie.com/in/

Huewai CDMA Download Link
http://huawei-cdma-pc-suite.soft112.com/

Credit:အိုင်တီလမ်းညွှန်

စိုးထက်(နည်းပညာမျှဝေသူ)

0 comments:

Post a Comment