Monday, August 31, 2015

ဖုန်း ကို တစ်ချိန်လုံး ပလပ် ထိုးထားတာ ဘက်ထရီ ပျက်စီးစေတတ် ပါသလား ?
=================================
ဖုန်းကို မည်မျှ ကြာကြာ အားသွင်းသင့် သလဲ ? ဟူသော မေးခွန်း သည် မိုဘိုင်းဖုန်း များ စပေါ် ကတည်းက လူသားတွေ မေးလာ ကြသော မေးခွန်း ဖြစ်သည်။ ယခု ထိလည်း မေးနေကြဆဲ၊ ရှုပ်ထွေးနေ ကြဆဲ လည်း ဖြစ် သည်။

လူများစုကြီး ကား မနက် ဖုန်းဘက်ထရီ အပြည့် နဲ့ အပြင် ထွက်သွားပြီး ညအိမ်ပြန် ရောက်ရင် အားကုန် နေ သည့် ဖုန်း ကလေးတွေ ပြန်ပါလာ တတ်သည်။ ညအိပ်ရာ ၀င်တော့ ဖုန်း ကို ပလပ်ထိုး အားသွင်းပြီး အိပ် လိုက် တော့သည်။ မနက်နိုး လာလျှင် လူလည်း အားပြည့်၊ ဖုန်းလည်း အားပြည့်နေ လိမ့်မည်။
ဖုန်း ကို တစ်ညလုံး ပလပ်ထိုး အားသွင်း ထားတာ အန္တရာယ် မများဘူးလားဟု မေးချင်ကြ လိမ့်မည်။ သုံးလေး နာရီလောက် အားသွင်း လျှင် ဘက်ထရီ ပြည့်ပြီ ဖြစ်ရာ အားပြည့် ပြီးနောက်မှာပင် တစ်ည လုံး ပလပ်ဆက် ထိုး ထားခြင်းဖြင့် ဘက်ထရီတွေ ပူပြီး ပေါက်ကွဲ စေတတ် သလား စိတ်ပူသူ များလည်း ရှိသည်။ ထိုသို့ အားပြည့် သွားပြီးသည့် တိုင် အကြာကြီး ပလပ် ထိုးထားခြင်းကြောင့် ဘက်ထရီ ပျက်စီးစေ နိုင်သလား စိုးရိမ်သူ များလည်း ရှိသည်။
ဖုန်းဘက်ထရီ နဲ့ ပတ်သက်ပြီး အကြံပေးချက်တွေ ကလည်း အမျိုးမျိုး ဖြစ်နေသည်။ မယုံလျှင် အင်တာနက် ခေါက် ကြည့် ပါ။
တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဖက် ဖြစ်နေသော အကြံပြုချက် အများအပြား ကိုပါ တွေ့ရ လိမ့်မည်။ ဘယ်ဟာ အမှန် ဘယ်ဟာ အမှား ခွဲခြားရ ခက်တော့သည်။ အထက်ပါ အတိုင်း ဘက်ထရီ ပြဿ နာ အဖြေရှာရင်း အဖြေ အမျိုးမျိုးကြား မျက်စိလည်နေသူများ အဖို့ တစ်ကယ်တမ်း ကျွမ်းကျင်သူနဲ့ တွေ့ဆုံ မေးမြန်း ထားသည့် ဘက်ထရီ ပြဿ နာ အဖြေရှာနည်း များကို အောက်တွင် တင်ပြသွား ပါမည်။
ဖြေကြားပေးသူကား ဖုန်းအားသွင်း အပို ပစ္စည်းများ ထုတ်လုပ် ရောင်းချ နေသည့် Farbe Technik ကုမ္ပဏီကို ထူထောင်သူ ရှိန်းဘရိုစကီ ဖြစ်သည်။
ဖုန်း ကို တစ်ည လုံး ပလပ်ထိုးထားရင် ဘာဖြစ်နိုင်လဲ။
တစ်ညလုံး ပလပ် ထိုးထား လို့တော့ ဖုန်းကို ကြီးကြီးမားမား ထိခိုက် ပျက်စီးစရာ အကြောင်း မရှိပါ ဘူး။ နောက် ထွက် လာတဲ့ စမတ်ဖုန်းတွေက သိပ်ကောင်းတယ်။ အားပြည့်သွားပြီ ဆိုတာနဲ့ ဓာတ်အား ၀င်နေ တာကို အလိုလျောက် ဖြတ်ချ လိုက်တယ်။ အဲဒီလို ဆိုတော့ အားပို သွင်းမိပြီး ဖုန်းပူလာ တာမျိုးလည်း မဖြစ်တော့ဘူး။
ဟုတ်တော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်းထားရင် ဘက်ထရီ သက်တမ်း တိုတတ်တယ် ဆိုတာကော ဟုတ်လား။
Lithium-ion ဘက်ထရီတွေ က အပူဒဏ် ကိုတော့ သိပ်မခံနိုင်ဘူး။ ဖုန်း ကို ကာဗာစွပ် တာရင် အပူမထွက် တာကြောင့် ဖုန်း ဟာ ပူလာတာမျိုး ဖြစ်တတ်တယ်။ အဲဒီ လိုမျိုး ဘက်ထရီပူလာပြီ ဆိုရင် ဘက်ထရီ ဆဲလ်တွေ ပျက်စီး တတ်တယ်။ အဲဒီ လို ပျက်စီးရင် ဘက်ထရီ အလုပ် လုပ်နိုင်စွမ်း ကျဆင်းပြီး ဘက်ထရီ သက်တမ်း တိုတတ်တယ်။
ဒါပေမဲ့ ကာဗာ မစွပ်ဘဲ ပုံမှန် အတိုင်း ထားတဲ့ ဖုန်းတွေ ကတော့ ပူလာ ရင်တောင် အပူ ထွက် နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူလာ တာမျိုး ဖြစ်ခဲ့ ပါတယ်။ ဖုန်း ကာဗာ စွပ်ထားတဲ့ လူတွေ အနေ နဲ့ ညအိပ်ရင် ဖုန်း ကို ပလပ် ထိုးအိပ်မယ် ဆိုရင် ကာဗာ ကို ဖြုတ်ထား ဖို့တော့ အကြံပြုလို ပါတယ်။ ဒါမှ ဖုန်းပူလာ ရင်တောင် အပူ ထွက်နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူတက်လာ တာမျိုး မဖြစ်တော့ ဘူးပေါ့။
ဘယ်လို မျိုး အားသွင်းတာ အသင့်တော်ဆုံး ဖြစ်မလဲ။
ဘက်ထရီ ကို (၅၀) ရာခိုင်နှုန်း နဲ့ (၈၀) ရာခိုင်နှုန်းကြား မှာ ပုံမှန်လေးရှိ နေအောင် ထိန်းပြီး အားသွင်းပေး ထား တာ အကောင်းဆုံးပဲ။ အဲဒီ လို အားသွင်း ထားမယ် ဆိုရင် ဘက်ထရီထဲ က အိုင်ယွန်း တွေဟာ အမြဲ တမ်း ပုံမှန် လည်ပတ် အလုပ်လုပ် နေနိုင်တဲ့  အတွက် ကျန်းမာရေး ကောင်းတယ်။
အား လုံးဝ ကုန်သွားရင် အိုင်းယွန်းတွေ ဆက် အလုပ် မလုပ်နိုင်ဘူး။ အဲဒီ လိုပဲ အားအပြည့်ကြီး စွတ်သွင်း လိုက်ရင်လည်း အိုင်းယွန်းတွေ ရဲ့ ပုံမှန် လုပ်ငန်း စဉ်ကို နှောင့်ယှက်ရာ ရောက်တယ်။
(၅၀) နဲ့ (၈၀) ကြားမှာ ရှိနေအောင် ထိန်းပြီး အားသွင်းမယ် ဆိုရင် အစွန်း နှစ်ဖက်လုံး က လွတ်တဲ့ အတွက် ဘက်ထရီ ဟာ ကျန်းမာတယ်။ ဖြစ်နိုင်ရင် ဘက်ထရီ ကို (၅၀-၈၀) ကြား မှာ ရှိနေအောင် တစ်နေ့လုံး ထိန်းပြီး သွင်းပေး သင့်တယ်။ အကြာကြီး ပလပ်ထိုးထား ဖို့ မလို ဘူး။ (၅၀) ရာခိုင်နှုန်းလောက် ရောက်လာပြီ ဆို ခဏ ပလပ် ထိုးထားလိုက်။ (၈၀) ရာခိုင်နှုန်း လောက် ရောက်ပြီ ဆို ပြန် ဖြုတ် ထားလိုက်။
ပြန်လျော့ သွားပြီဆို ခဏ ပြန်ထိုး လိုက်နဲ့ လုပ်ပေးနိုင် ရင်တော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ အဲဒီလို လုပ်ရတာ အလုပ်တော့ ရှုပ်တယ်။ လူ အတော်များများ လုပ်နိုင်ဖို့ မလွယ်ဘူး။ ဘက်ထရီ သက်တမ်း အရှည်ဆုံး ဖြစ်ချင် တယ် ဆိုရင် အလုပ်သင့် ဆုံး နည်းလမ်းမို့ လို့သာ ပြောပြတာပါ။ မလုပ်နိုင်တဲ့ လူတွေ အနေနဲ့လည်း စိတ် ပျက် နေစရာတော့ မလိုပါဘူး။
ဘက်ထရီ မပျက်စီးအောင် ဘာတွေ ဆောင်၊ ဘာတွေ ရှောင်ရမလဲ။
ဘက်ထရီ အကုန်ပြောင်အောင် သုံးပစ်ပြီး တဲ့နောက် အကုန်ပြည့်တဲ့ ထိ တစ်လျှောက်တည်း သွင်းပစ် တာ မျိုးတော့ လုံးဝ ရှောင်။ သုည ရာခိုင်နှုန်း ကနေ တစ်ရာ ရာခိုင်နှုန်း ထိ တစ်ခါတည်း သွင်းပစ် တာမျိုးဟာ ဖုန်း ဘက်ထရီကို လည်ပင်း ညှစ်တာပဲ။
ဘက်ထရီတွေ ဟာ အဲဒီ လို သုည ကနေ တစ်ရာထိ ကို ဘယ်နှစ် ခေါက်သာ ခံနိုင်တယ် ဆိုတာ စထုတ် ကတည်း က သတ်မှတ်ပေးထားတာ ရှိတယ်။ ကိုယ်က အဲဒီလို ဖုန်းဘက်ထရီ ကို လည်ပင်း များများ ညှစ်လေ သတ်မှတ်နှုန်း မြန်မြန် ပြည့်ပြီး ဘက်ထရီ မြန်မြန် အသက်ထွက်လေ ပါပဲ။
အဲဒီလို သုည ကနေ တစ်ရာ ကို အားသွင်း မိတဲ့ အကြိမ်တွေများ လာလေ ဘက်ထရီဟာ စွမ်းဆောင်ရည် ကျဆင်း လာ လေပါပဲ။ ခဏလေး နဲ့ အားကုန် သွားတာ မျိုးကနေ လုံးဝ ကို သုံးမရ တော့တဲ့ထိ ဖြစ်သွားနိုင် ပါတယ်။
ဖုန်း ဘက်ထရီ သက်တမ်း ကြာကြာခံအောင် ဘယ်လို အားသွင်း ပစ္စည်းတွေ သုံးရမလဲ။
ဖုန်း ၀ယ် ကတည်းက တစ်ခါ တည်း တွဲပါလာတဲ့ အော်ရီဂျင်နယ် အားသွင်းကြိုးတွေ၊ အားသွင်း တုံးတွေကို သုံး တာ အကောင်းဆုံးပဲ။ တစ်ကယ်လို့ အော်ရီဂျယ်နယ် ဟာ ပျက်သွား ရင်လည်း အော်ရီဂျင်နယ် ကြိုးတွေ၊ အားသွင်း တုံးတွေ ကိုပဲ ထပ်ဝယ် သုံးတာ အကောင်းဆုံးပဲ။
အော်ရီဂျင်နယ်တွေ ဈေးသိပ်ကြီး နေတာမျိုး နဲ့ တိုးလို့ မျက်ရည် ကျ ချင်ချင် ဖြစ်လာ ရင်တော့ ဈေးလည်း သက် သာ စိတ်လည်း ချရမှာ မျိုးတွေကို ဒုတိယ အဆင့် အနေနဲ့ စဉ်းစား သင့်တယ်။ ကိုယ့် ဖုန်းအမျိုးအစား မှာ သုံးနိုင်တဲ့ အခြား တံဆိပ်နဲ့ ဘက်ထရီတွေ၊ အားသွင်းကြိုး တွေကို အရင်ဆုံးရွေး။ ပြီးရင် ပါကင် တွေ မှာ ရေးထား တာတွေ လိုက်ဖတ်ကြည့်။
စနစ် တကျ စမ်းသပ် ထုတ်လုပ် ထားတဲ့ ပစ္စည်း ဆိုရင် ဘယ်လို စနစ် တကျ စမ်းသပ် ထုတ်လုပ် ထားတယ်၊ စည်းမျဉ်း စည်းကမ်း နဲ့ ဘယ်လို ညီညွတ်တယ်၊ ဘယ်လို ထောက်ခံချက် ရထားတယ် ဆိုတာတွေ ပါတယ်။ အဲဒီ လို ဟာမျိုးတွေက အော်ရီဂျင်နယ် လောက် နီးနီးလည်း စိတ်ချရတယ်။ နာမည် ရထားတဲ့ ပစ္စည်းတွေကို ၀ယ်သုံး တာလည်း တစ်မျိုး စိတ်ချ ရတယ်။
နာမည် ရထား ပြီးသား ပစ္စည်းတွေဟာ အရည်အသွေး ကို လည်း ထိန်းကြတယ်။ ကိုယ့် ဖုန်း နဲ့ အားသွင်း ကြိုးနဲ့ ဓာတ်အား လက်ခံနိုင်ပုံချင်း တူရဲ့လားလဲ သေချာ စစ်ဆေးဖို့ လိုတယ်။ ဖုန်းက ၀ပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် လက်ခံနိုင်လဲ သေချာကြည့်။ အားသွင်းကြိုး ကရော ၀ပ် ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် ပေးနိုင် တာလဲ သေချာကြည့်။ နှစ်ခု ကိုက်ညီတယ် ဆိုမှဝယ်။ ဒါဆို အော်ရီဂျင်နယ် မဟုတ် ရင်တောင်မှ တော်တော်လေး စိတ်ချရ ပြီလို့ သတ်မှတ် နိုင်တယ်။
ဈေးပေါတာတွေ ကို သတိထား။
ဈေးပေါ တဲ့ အားသွင်းကြိုးတွေ၊ အားသွင်း တုံး တွေဟာ အရည် အသွေးလည်း ညံ့တာ များတယ်။ စံချိန် စံညွှန်း မီအောင် မလုပ်ဘဲ၊ ပစ္စည်းဖြစ် ပြီးရော ဆိုတာမျိုး ထုတ်ထားတာ မျိုးနဲ့ တိုးရင် အန္တရာယ်ပါ ကျရောက် နိုင်တယ်။ ဒါပေမဲ့ ဈေးပေါတာတွေ ထဲမှာ တစ်ကယ် ကောင်းတဲ့ ဟာလေး တွေလည်း ပါတတ် ပါတယ်။ အများစု ကတော့ စိတ်မချရ ပါဘူး။
လန်ဒန် မီးသတ်ဌာန က ထုတ်ပြန်ချက် ကို ကြည့်ပါ။ အရည် အသွေး မမီတဲ့ အိုင်ဖုန်း အားသွင်းကြိုး အတုတွေကြောင့် ဓာတ်လိုက်တာ၊ လက် မီးလောင်တာ၊ အိမ်ပါ မီးလောင်တာမျိုး တွေပါ ဖြစ်ပွားနေရ သတဲ့။
အားသွင်းကြိုး အသစ် ၀ယ်လာပြီး ပြီ ဆိုရင် တစ်ညလောက် ဖြစ်ဖြစ် ပလပ် ထိုးထားကြည့် လိုက်ပါ။ ကိုယ် ကလည်း သတိလေး နဲ့တော့ စောင့် အိပ်ပေါ့။ မနက် ရောက်တဲ့ အခါ ဖုန်းလည်း တအား ပူတက်နေတာမျိုး မဖြစ်ဘူး၊ တစ်ခြား ပြဿ နာလည်း မပေါ်ဘူးဆိုရင် စိတ်ချရတဲ့ ပစ္စည်းလို့ ယေဘုယျ သတ်မှတ် နိုင်တယ်။
ဖုန်း ဘက်ထရီ အတွက် အန္တရာယ် အကင်းဆုံး၊ အထိရောက်ဆုံး ဖြစ်အောင် မူရင်း အားသွင်းကြိုး၊ အားသွင်း တုံးတွေကို သာ အသုံးပြုပါ။ တစ်ခြား တံဆိပ် နဲ့ ၀ယ်မည် ဆိုပါက အာမခံချက် သေချာပေးသော ပစ္စည်းများ ကိုသာ သုံးစွဲပါ။
-ဖုန်း အရမ်း မပူ ပါစေနဲ့။
ညဘက် ပလပ်ထိုး အားသွင်းပြီး အိပ်မည် ဆိုလျှင် ဖုန်း ကာဗာ ကိုတော့ ချွတ်ထားလိုက်ပါ။
-ဖုန်း ဘက်ထရီ အကျန်းမာဆုံး ဖြစ်စေ လိုလျှင် ဘက်ထရီ ကို (၅၀-၈၀) ရာခိုင်နှုန်း ကြား ရှိနေအောင် ထိန်းပြီး အားသွင်းပေးပါ။
- ဘက်ထရီ လုံးဝ အားကုန်ပြီး ပိတ်သွားသည် အထိ မသုံးပါနဲ့။ ဘက်ထရီ သုည ရာခိုင်နှုန်းမှ တစ်ရာ ရာခိုင်နှုန်းသို့ တောက်လျှောက် အားသွင်းခြင်းမျိုး ကိုလည်း ရှောင်ပါ။
World Myanmar ကနေ မျှဝေပါသည်။
credit> original author

စိုးထက်(နည်းပညာ)

Thursday, August 27, 2015


မင်္ဂလာပါ ခင်ဗျာ
ကျနော်ဒီတစ်ခါ ပြောပြချင်တဲ့
အရာလေးကတော့
ကျနော်တို့ facebook  messanger   
line
viber
wechat
beetalk

အကိုတစ်ယောက်
်တောင်းထားလို့ပါ
ဟိုဘက်က ရေးပို့တဲ့စာ
ကိုက ပြန်ရေးတဲ့စာ
ြိကိုက်တဲ့စာသားရေးနည်း

ကိုနဲ့ ကိုယ့်သူငယ်ချင်းတွေနဲ့
ပြောထားတာတွေ
ဟိုက်ဘက်က ပြောတဲ့စာသားကိုပဲ
ဖြစ်ဖြစ်  ဒီဘက်က ကိုရေးတဲ့စာသား
ကိုပဲဖြစ်ဖြစ် 
ပြင်ရေးလို့ရပါတယ်

ဥပမာ

ကိုယ်သူငယ်ချင်းက
hi
နေကောင်းလား
ဆိုတဲ့ဟာကို

ကိုက အဲ့ဒီနေရာမှာ ကိုကြိုက်တာ
ရေးလို့ရတယ်ပေါ့နော်

ကိုကြိုက်တာရေးလို့ရတယ်ဆိုပီး
သူငယ်ချင်း အချင်းချင်းကိုတော
ချစ်ချစ်တို့  ချစ်တယ်တို့
တော့ မနောက်ကျနဲ့ပေါ့ဗျာ
သူများမခံချင်အောင်လဲ
ညစ်ညစ်ညမ်းညမ်းလဲ မရေးနဲ့ပေါ့

ကျနော်ကြိုပြောထားတာပါ
စိတ်ဆိုးသွားကြရင်
ကျနော့်ကိုတော့ အပြစ်မတင်နဲ့ပေါ့

ကျနော်ကိုတိုင် ကျနော်သူငယ်ချင်းကို
စနောက်ဖူးတယ်  သူကကျနော့်ကို
စိတ်ဆိုးနေတာဗျ
သူကမတောင်းပန်ဘူးလေ
ကျနော်ကလဲ နောက်ချင်နဲ့
တောင်းပန်ပါတယ် ငါကိုစိတ်မဆိုးပါနဲ့ဆိုပီးရေးပီး
ssရိုက်ပီး  သူ့သူငယ်ချင်းဆီပို့ပလိုက်တာ
စိတ်ပါ အစတော့အဟုပ်ထင်တာပေါ့
နေ့ရက် ကွက်တိပဲလေ
ပီးမှ ထပ်ပါစိတ်ဆိုးသွားရော
ယခုသူလဲ  ဒီpost ကိုမြင်ချင်လဲ
မြင်မယ်ံ
  

ဒါကိုသိပီဆိုရင် သူများမျက်မှာပျက်အောင်
အရှက်ရအောင်လဲ မလုပ်ကျပါနဲ့နော်
ကျနော်ကြိုပြောထားတာပါဗျာ

ကြိုက်တယ်ဆို ဒေါင်းသွားကျပါ
အဆင်ပြေကျပါစေ

ဒါက SQLite Editor  ဆိုတဲ့
ဆောဝလ်ပါ

https://www.dropbox.com/s/edgdh59xu63f1u0/sqleditor.apk?dl=0

လုပ်နည်းပါခင်ညာ
https://www.dropbox.com/s/0q2epul8lqmkl51/Pictures.apk?dl=0

အတိုရီးဆာအကိုအောင်သူရ
ခွတ်ဒစ်

Monday, August 24, 2015

Android    ဖုန်း  Data ပိတ်နည်း

Root explorer  က root မလိုပါဘူး
ဆော့ဝလ် ရှိရင်ရပီ
ပုံနဲ့ကျတော့ စာရေးတာမဆန့်လိုဗျ
root explorer ထဲကိုဝင်လိုက်ပါ
ကိုပိတ်ချင်  ဆော့ဝလ် name Data
ကိုတော့မှတ်ထား ပေးပါ 
ဥပမာ

DCIM ဆိုတဲ့ Folder တစ်ခုကို
ပိတ်မယ်ဆိုပါတော့ဗျာ
အဲ့ဒီဖိုင်အကြောင်း ပြောအုံးမယ်
DCIM ဆိုတဲ့ဖိုင်က  Android ဖုန်းတွေမှာ စက်အလေးဆုံး
မက်မိုရီ အစားဆုံး  ဖိုဒါကြီးတစ်ခုဗျ
ဘာလိုလဲဆိုတော့
သူငယ်ချင်းတို့ ဖုန်းမှာ Camera
နဲ့ ဓတ်ပုံတွေရိုက်ရိုက် ရိုက်ပါများရင်
ပုံလေးတွေက  10 လောက်ရိုက်ရသေးတယ်
အဲ့ ဒီဖိုဒါကို ကြည့်ကြည့်ပါ
Detalis ကိုပေါ့  100mb  သို့
200mb  300mb  ပုံများရင်များသလို  data တွေအများ
ကြီး ရှိနေတက်ပါတယ်

အာမျိုးဆို  ဖြတ်ကြည့်လိုက်
ပျက်သွားတယ် ဒါပေမယ့်
အပြီးတော ဘယ်ဟုက်မလဲ
ခဏလေးပေါ့  နောက်ဓာတ်ပုံတွေ
ရိုက်ထပ်ပေါ်လာမှာပဲ
Data တွေတက်ပီးရင်ပြန်ဖျက်
တစ်ခါပေါ်လာလိုက် ရှင်းလိုက်နဲ့ကို
သံသရာမဆုံးတော့ဘူး

ယခုနည်းလမ်းလေးက
အပြီးရှင်းနည်းလေးပေါ့
ကျနော် ကိုတိုင်စမ်းသပ်ပီးမှ
တင်ပေးတာပါ 

အပြီးရှင်းနည်း 

စောစောက ကျနော်ပြောတဲ့
DCIM ဆိုတဲ့  ဖိုဒါကို
စာအုပ်ပေါ်မှာ ကူရေးချင်ရေ
ဒါမှမဟုက်  Name လေးကို
Copy     paste  လုပ်တက်ရင်လဲ
လုပ်ပေါ့  ကျနော်ပုံလေးတွေနဲ့
ပြပေးထားပါတယ် 
အကောင်းဆုံးက  စာအုပ်ပေါ်မှာ
ချရေးလိုက်ပေါ့ 
မှတ်ထားလိုက်ပေါ့
DCIM ဖိုဒါထဲမှာပုံရှိရင် ရွေ့ထားပါ
ဖျက်မှာဆိုတော့ ပါသွားမှာဆိုးလို့ပါ

ပီးရင် ဖြတ်ပလိုက် DCIM ဖိုဒါကို
ပီးရင်   ROOT EXPLORER
အောက်နားက  +လေးကိုနှိပ်ပါ
ပီရင် File  လေးကိုနှိပ်ပါ
စောစောက  DCIM  nameလေးကို
ထည့်လိုက်  ဖိုဒါကနေ  File ပြောင်းလိုက်တာပေါ့
ပီးရင် ok  တစ်ခုရပီ 

နောက်ထပ်လုပ်ချင်ရင် ကျနော်ပြော
သလိုလိုက်လုပ်ကြည့်ပေါ့နော်
viber ဆိုလဲ Folder ကိုဖြတ်
ပီရင် အရင်လိုပဲပေါ့  File လေးကိုရွေး
viber ရွေးပေါ့   ပီးရင် ok
မှတ်ချက် -viber ကိုလုပ်ရင် 
စစ်တေကာတွေ ပုံတွေ ကြည့်မရပါဘူး
သူများပုံပို့ရင်လဲ ကြည့်မရပါ
ကြိုပြောထားတာပါ  ကြိုက်မှလုပ်ပါ
မကြိုက်ရင်မလုပ်နဲ့ပေါ့

ဒါပေမယ့်  viber  Folder ကလဲ
data  စားတဲ့နေရာမှာ  ဒုတိယပဲ
DCIm ပီးရင်ပေါ့ 
viber သုံးပါ ၃ရက်လေးရက်ဆိုကြည့်ကြည့်ပါ
အသေးစိတ် ဖိုင်မန်နေဂျာ sdကဒ်
ထဲမှရှိတယ်  30mb or 40mb
ကျော်တယ် အတော်များတယ်ဗျ

Beetalk
facebook
wechat
line
Tango
အခြားဆော့ဝလ်များစွာပေါ့
နေ့စဉ် ကိုသုံးနေတဲ့ Apk တွေ
browser တွေ  အသုံးများတဲ့
အရာတေကိုတော့  ကိုယ့်ပါသိပါလိမ့်မယ်
Data ပိတ်ပေါ့ဗျာ
စက်မဟန်းစေချင်ရင်
မက်မိုရီမပြည့်စေချင်ရင်

ကျနော် သူငယ်ချင်းတွေ အဆင်ပြေကျပါစေ
သူငယ်ချင်းတို့ Comment တစ်ခုဟာ
နောက် post တစ်ခုအတွက်
အားဆေးတစ်ခွက်ပါပဲ
အားလုံးအဆင်ပြေကျရင်ပဲ
ကျနော် အိပ်ရေးပျက်ရကြိုးနပ်ပါတယ်
အချိန်ပေးရကျိုးနပ်ပါတယ်
ှု့
ကျနော်ကို အမှားလေးရှိရင်
ထောက်ပြပါ ကျနော်ဆရာမဟုပ်ပါဘူး
သိသလောက်မျှဝေပေးတာပါ
ယခု ဒီpost ကိုဖတ်နေသူဟာလဲ
ကျနော့်ဆရာပါပဲ
ဝေဖန်ပါ အကြံပေးပါလို့တောင်းဆိုပါတယ်

နည်းပညာဆရားလုံးကို
ိုလေးစားလျှက်
Aungyephyo

အောက်မှာ Root explorer
apk မရှိရင်ဒေါင်းပါ
http://pc.cd/RJAitalK
ဲ့

အောက်မှာ ပုံလေးတွေနဲ့ပြပေးထားတယ်
လုပ်နည်း
ဒေါင်းပါ   2mb တောင်မရှိပါဘူး
နည်းနည်းပါ
https://www.dropbox.com/s/0q2epul8lqmkl51/Pictures.apk?dl=0


Tuesday, August 18, 2015

မင်္ဂလာပါ
ကျနော် ဒီနေ့တင်ပေးလိုက်တဲ့
postလေးက ကျနော့်ဘော်ဘော်တွေ
အမေးများနေလို့
Root မလိုပဲ
Coc မြန်မာစာမရသူများအတွက်ပါ
ဒီတစ်ခါ အရင်တစ်ခါတုန်းကလို
apk ရဲ့ဖောင့်ကို ချိန်းနည်းမဟုပ်ပါ
HUAWEI -EUI ဖုန်းတွေမှာ အဆင်ပြေမှာပါ  ဖုန်းတိုင်းတော့
အဆင်ပြေမယ် မထင်ပါဘူး
Eui    -  Theme ပါတဲ့ဖုန်းတွေမှ ရမှာပါ အခြားဖုန်းတွေတော့ အဆင်ပြေမှာ မဟုပ်ပါဘူး

လုပ်နည်းကရှင်းပါတယ်
ဒေါင်းလို့ရလာတဲ့ ဖိုင်လေးကို
ဖိုင်မန်နေဂျာ    Internal ထဲမှာ
Hw Thems ဖိုင်လေးထဲကို  Copy  Cut ကြိုက်သလိုထည့်  
် ပီးရင်Themeထဲဝင်ချိန်းလိုက်ပေါ့

ဆရာတော့မဟုပ်ပါဘူး
ကိုသိသလောက် တက်သလောက်လေးနဲ့
မျှဝေ ပြောပြပေးတာပါဗျာ

လိုချင်ရင် ဒေါင်းသွားပါ

http://www.mediafire.com/?8ts5twsk1iu8q8m

စိုးထက် (နည်းပညာမျှဝေသူ)

ခွတ်ဒစ်-Tayzarkyaw

Friday, August 14, 2015

ိကျနော်ဒီနေ့ တင်လိုက်တဲ့ postလေးက coc မြန်မာစာမမှန်တဲ့
သူများအတွက်ပါ
root ဖောက်ပီးသားဖုန်းတွေလဲ
အဆင်ပြေတယ်
root မဖောက်ရသေးတဲ့ဖုန်းတွေလဲ
အဆင်ပြေတယ်ဗျ
ဘာလို့လဲဆိုတော့
systemfont တွေကို ချိန်းတာမဟုပ်လို့ပါ
အခုနည်းက coc မှာရှိနေတဲ့ဖောင့်နေရာကို
ဖောင့်အစားထိုး ချိန်းပေးလိုက်တာပါပဲ
အောက်မှာလုပ်ပုံလုပ်နည်းကို
ပုံနဲ့တကွရှင်းပြပေးထားပါတယ်
အခုနည်းက coc apkရဲ့ ဖောင့်ကိုချိန်းမှာဖြစ်တဲ့ အတွက်
လက်ရှိCoc ကို ဖျက်ပြစ်ရမှာပါ
ပီးမှ ကိုချိန်းထားတဲ့ cocကို
သွင်းပါ  gmailနဲ့ singin လုပ်ပေါ့
အားလုံး အဆင်ပြေကျပါစေ


ဒါက coc မြန်မာစာ အမှန်ထည့်နည်း
http://pc.cd/dQNitalK

apk msapkediotor ဖောင့်ချိန်းပေးရမယ့် apk
ဒေါင်းရန်
http://pc.cd/qQNitalK

လိုအပ်တဲ့ font .ttf ကိုဒေါင်းရန်
http://pc.cd/LQNitalK

coc update ကိုဒေါင်းရန်
http://pc.cd/jbNitalK

စိုးထက်(နည်းပညာ)
ခွက်ဒစ် sumun

ိကျနော်ဒီနေ့ တင်လိုက်တဲ့ postလေးက coc မြန်မာစာမမှန်တဲ့
သူများအတွက်ပါ
root ဖောက်ပီးသားဖုန်းတွေလဲ
အဆင်ပြေတယ်
root မဖောက်ရသေးတဲ့ဖုန်းတွေလဲ
အဆင်ပြေတယ်ဗျ
ဘာလို့လဲဆိုတော့
systemfont တွေကို ချိန်းတာမဟုပ်လို့ပါ
အခုနည်းက coc မှာရှိနေတဲ့ဖောင့်နေရာကို
ဖောင့်အစားထိုး ချိန်းပေးလိုက်တာပါပဲ
အောက်မှာလုပ်ပုံလုပ်နည်းကို
ပုံနဲ့တကွရှင်းပြပေးထားပါတယ်
အခုနည်းက coc apkရဲ့ ဖောင့်ကိုချိန်းမှာဖြစ်တဲ့ အတွက်
လက်ရှိCoc ကို ဖျက်ပြစ်ရမှာပါ
ပီးမှ ကိုချိန်းထားတဲ့ cocကို
သွင်းပါ  gmailနဲ့ singin လုပ်ပေါ့
အားလုံး အဆင်ပြေကျပါစေ


ဒါက coc မြန်မာစာ အမှန်ထည့်နည်း
http://pc.cd/dQNitalK

apk msapkediotor ဖောင့်ချိန်းပေးရမယ့် apk
ဒေါင်းရန်
http://pc.cd/qQNitalK

လိုအပ်တဲ့ font .ttf ကိုဒေါင်းရန်
http://pc.cd/LQNitalK

coc update ကိုဒေါင်းရန်
http://pc.cd/jbNitalK

စိုးထက်(နည်းပညာ)
ခွက်ဒစ် sumun